ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က
လဂျားယန်တောင်ကြောကအမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက
KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င်
လက်နက်ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။ ဒါ့အပြင်
စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
လိုင်ဇာကိုစိုးမိုးထားသည့် လဂျားယန်တောင်ကြောရှိ အမြင့်ဆုံးစခန်း ပွိင့် ၇၇၁ တောင်ကုန်း |
ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို
စိတ်ကြွဆေးနဲ့မူးယစ်ဆေးဝါးတွေတိုက်ပြီးအသေခံတိုက်ခိုင်းခဲ့ပါတယ်
ပိုပြီးဝမ်းနည်းဖို့ကောင်းတာKIAစစ်သားတစ်ချို့ကိုထွက်ပြေးလို့မရအောင်ခြေထောက်တွေကိုသံကြိုးနဲ့သော့ခတ်ပြီး
အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက်အထား ဓာတ်ပုံတွေလဲရှိပါတယ်
ဆက်ပြီးပေးပို့သွား ပါမယ်။ သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့
မိသားစုကို ငဲ့ညာပြီး မတင်တော့ပါဘူး။သေဆုံး သူအားလုံးကို ကောင်းမွန်စွာ
မြေမြုပ်ပေးခဲ့ပါတယ်။
ကေအိုင်အေ စခန်းမှသိမ်းဆည်းရမိသော တိုက်မိုင်းများ |
ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို
ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာမူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု
ကိုလည်း အသေးစိတ်စာရင်းကိုပြုစုနေပါတယ်။ သိမ်းဆီး ရမိတဲ့လက်နက်ခဲယမ်းနဲ့
မှုးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်းမချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့
ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေသုံးထားတာကိုတွေ့ရပါတယ်။
ကေအိုင်အေ နှင့် ABSDF တို့ဆီမှ သိမ်းပိုက်ရရှိသော စစ်အသုံးအဆောင်တစ်ချို့ |
လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇)
ယောက်ကျဆုံးပါတယ်။ စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း
စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက်
တို့ဖြစ်ပါတယ်။။
ရွှာအဝင်တွင်တပ်မတော်သားတို့အား ချောင်းမြောင်းတိုက်ခိုက်သည့် ကေအိုင်အေနှင့်ABSDF တို့၏ ကတုတ်ကျင်းငယ်များ |
From: (မောင်ကျောက်ခဲ အဖွဲ့)
လဂျားယန်ကိုသိမ်းပိုက်ခြင်းအားဖြင့် နှစ်သစ်ကူးတွင် ပြည်သူအများအားဝမ်းမြောက်ရွှင်လန်းစေသော မျိုးချစ်မြန်မာ့တပ်မတော်သားများ အားလုံးကျမ်းမာချမ်းသာကြပါစေ
ReplyDelete