အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ၏ ရုပ် ကြွင်းများကို ရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်း ပထမဆုံး အကြိမ် အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။
ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ် ခဲ့သော ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေးတိုး တက်လာမှု၏ရလဒ်လည်း ဖြစ်သည်။
ဟာဝိုင်အီပြည်နယ်အခြေစိုက် စစ်အကျဉ်းသားနှင့် ပျောက်ဆုံးတပ်သားများ ရှာဖွေရေးအဖွဲ့  POW/MIA Accounting Command ၏ဖေါ်ပြချက်အရ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများကို စေလွှတ်ပြီးတစ်လ အကြာလာမည့် ဇန်နဝါရီ ၂၁ရက် တွင်ရှာဖွေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာသို့ စေ လွှတ်သွားမည်ဟု သိရသည်။
မြန်မာတွင် ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိကန်တပ်သား ၇၃၀ ဦးခန့်ပျောက်ဆုံးခဲ့ပြီး အများစုမှာ လေ တပ်သားများ ဖြစ်ကြကာ မြန်မာပြည်မြောက် ပိုင်းတောင်တန်းများပေါ်တွင် အန္ဒိယမှတရုတ်သို့ ရိက္ခာပို့ ပျံသန်းစဉ် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
POW ရှာဖွေေ၇းအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စမစ်ရှဲလ်သောမတ်စ်က စုံစမ်းစစ်ဆေးရေးမှူးများသည် ရန်ကုန် တိုင်းနှင့် မန္တလေးတိုင်းတို့တွင်၃ ပတ်ခန့် နေထိုင်ပြီး စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။
အခြားနောက်တစ်ဖွဲ့မှာ နွေရာသီတွင် လာရောက်ကာ နောက်ပိုင်း၌ ရှာဖွေတူးဖေါ်ရေးအဖွဲ့ လာရောက်စဉ် လိုအပ်သော သတင်းအချက် အလက်များရှိအောင် ကြိုတင်စုဆောင်းသွားမည်ဟု သိရသည်။
The Myanma Age
No comments:
Post a Comment