သန်းခန့် ထုတ်လုပ်နေပါတယ်” ဟု ဆိုသည်။
ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို မြန်မာပြည် အလယ်ပိုင်း၊ ပြည်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြှောင်ဒေသ၊ မုတ္တမကမ်းလွန်ဒေသများနှင့် တနင်္သာရီ ကမ်းလွန်ဒေသတို့တွင်သာ ထုတ်လုပ်လျက်ရှိသည်။
“ပြည်တွင်း သုံးစွဲရန်အတွက် လိုအပ်နေတဲ့ သဘာဝဓါတ်ငွေ့က တရက်ကို ၅၇၀ ကုဗပေသန်းခန့် ရှိနေပြီး ၂၇၈ ကုဗပေသန်းခန့်သာ ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။ ပြည်တွင်းလိုအပ်ချက်ရဲ့ ၄၈% သာ ဖြည့်ဆည်း
နိုင်တာ တွေ့ရပါတယ်” ဟု ဦးကျော်သူရ က ဆက်ပြောသည်။
နှစ်အလိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၁၉,၁၂၄၊ ၂၀၀၈-၀၉ တွင် ကုဗပေ သန်းပေါင်း ၃၈၆,၂၆၄၊ ၂၀၀၉-၁၀ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၀၅,၂၆၄၊ ၂၀၁၀-၁၁ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၃၄,၉၈၄ ထုတ်လုပ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ခင်မျိုးသွယ်
မဇ္ဈိမ
No comments:
Post a Comment