ကချင်ပြည်နယ် လိုင်ဇာကို သိမ်းပိုက်ဖို့အတွက် အခုလက်ရှိ အစိုးရတပ်တွေက လဂျားယန်တောင်ကုန်းကို တက်ရောက်နေရာယူနေတာလို့ ကျောင်းသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မင်းဌေးက ပြောပါတယ်။
“လဂျားယန်နဲ့ လ၀ါယန်ရှိနေတဲ့ တောင်ကုန်းတွေ အကုန်လုံးကို တက်ထိုင်လိုက်ပြီဆိုရင် လိုင်ဇာက အောက် မှာ ရောက်သွားပြီ။”
အခုလက်ရှိ အစိုးရတပ်အင်အား အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် လစိုင်းက အခုလိုပြောပါတယ်။
“အင်အားက အရမ်းများတယ်။ မနေ့ကလည်း လေယာဉ်နဲ့ သူတို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဆီကို လက်နက်ကြီးတွေနဲ့ ၈ နေရာကနေပစ်ပြီးမှ ထိုးစစ်ဆင်နေတယ်။ အခုထိ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။”
လက်ရှိ လိုင်ဇာအခြေအနေနဲ့ ပတ်သက်ပြီးလည်း ရဲဘော်မင်းဌေးက အခုလိုပြောပါတယ်။ “လိုင်ဇာက ဟိုတလောက လက်နက်ကြီးတွေ ပစ်ပြီးတဲ့နောက်ပိုင်း အရပ်သားတွေ အတော်များများက တိမ်းရှောင် သွားကြတယ်။”
From : DVB
No comments:
Post a Comment