Friday, January 18, 2013

ဗန်းမော် - မိုးမောက် ကားလမ်းပေါ် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် ဒေသခံသုံးဦး ဒဏ်ရာရ


ဗန်းမော်မြို့ သုံးမိုင်ရွှေပြည်သာရပ်ကွက်၊ ပန်းသစ်စလ္ဘက်ရည်ဆိုင်မှ ဦးသန်းစိုးသည် သုံးဘီးဆိုင်ကယ် ၄ဟ/ ၃၉၆၆ဖြင့် နေအိမ်မှ၎င်း၏ကြက်ခြံသို့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကြက်များ သယ်ယူရန် ထွက်ခွာလာရာ ဗန်းမော်-မိုးမောက်ကားလမ်းပေါ်တွင် KIA အဖွဲ့မှ Remote မိုင်းတစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်လိုက်ပါစီးနင်းခဲ့သော ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရပါသည်။ဒဏ်ရာရရှိသူများမှာ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးသန်းစိုး၊ ဗန်းမော်မြို့သုံးမိုင် ရွှေပြည် သူရပ် ကွက်နေ ဦးမရမ်အားနန်နှင့်ဗန်းမော်မြို့ မြန်မာ့စိုက်ပျိုးရေးဘဏ် အငယ်တန်းစာရေး ဦးကျော်ကျော်ဟန် တို့ ဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ ဒဏ်ရာရရှိသူများကိုဗန်းမော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသလျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment