KIA မဟုတ်မမှန် လုပ်ကြံဇာတ်လမ်း ရိုက်ကူးနေ
၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဗဟိုဌာနချုပ်၊ လိုင်ဇာဒေသ ပတ်ဝန်း ကျင် မှာရှိတဲ့
KIA စခန်းတွေကို စစ်တပ်မှ လေကြောင်းကနေ တိုက် ခိုက်နေတဲ့ ဗွီဒီယို
မှတ်တမ်းတွေကို ရယူပြီး KIA တပ်ဖွဲ့ ၀င်တွေ မပါဘဲ ဒေသခံတွေကို
အသုံးချပြီးတော့မှ စစ်တပ်ကနေ ဘုရားရှိ ခိုးကျောင်းတွေမှာ ၀င်ရောက်ဟန့်တားနေတဲ့ မဟုတ်မမှန်လုပ်ရပ်တွေ ဖန်တီးပြီး
ကချင်မျိုးနွယ် စု တိုင်းရင်း သားများအတွင်း ဘာသာရေး၊ လူမျိုးရေးစစ်ပွဲအသွင် ဖန်တီးရန်အတွက် အကွက် ကျကျ စီစဉ်နေ တယ်လို့ သိရှိရပါတယ်။
KIA ရဲ့လုပ်ရပ်တွေကို ဒေသခံပြည်သူတွေအနေနဲ့ သိရှိနေပြီးဖြစ်တာကြောင့်
ဗဟိုကော်မတီဝင် အများ စုနှင့် ပြည်ပရောက် ကချင်လူမျိုးစုများ၊
ဘာသာရေးခေါင်းဆောင်များမှ ကန့်ကွက်ခဲ့ကြပြီး အခြား
တိုင်းရင်း သားအဖွဲ့အစည်းအချို့မှလည်း
KIA ရဲ့လုပ်ရပ်တွေကို မကြိုက်တဲ့အတွက် အားမပေးတဲ့အနေနဲ့
တားဆီး ကန့်ကွက်မှုတွေ ရှိခဲ့သော်လည်း KIO ဗဟိုကော်မတီဝင်များနဲ့
အရာရှိကြီးအဆင့်ရှိသူများက ၎င်းတို့ရဲ့ လုပ်ရပ်တွေကို လူသိရှင်ကြားဖြစ်မှာ
စိုးရိမ်တဲ့အတွက် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၅ ရက်နေ့မှာ ၎င်းအကြောင်း အရာနဲ့
ပတ်သက်ပြီး “ မပြောဆိုရ ” အမိန့်ကို အလောတကြီးထုတ်ပြန်လိုက်ရတယ်လို့ အမည် မဖော်လိုသူ လိုင်ဇာက အရာရှိတစ်ဦးက ဆိုလာပါတယ်။
ကချင်နေစဉ်သတင်း
No comments:
Post a Comment