ကာမိုင်းမြို့ခံတစ်ဦးမှ ''မနက်ကတည်းက ပစ်ခတ်သံတွေ ကြားနေရတာ နံနက် ၇ နာရီ ၃၀ မိနစ်အထိပဲ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဆိုင်တွေပိတ်ထားကြတယ်။ လမ်းပေါ်မှာလူတောင်မရှိဘူး။ ရဲစခန်းကိုဝင်ပစ်တာ စခန်းထဲက ရဲတပ်သားနှစ်ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်'' ဟု ပြောကြားပါသည်။
ယခုဖြစ်စဉ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ကာမိုင်း ရဲစခန်းကို KIA မှ ၀င်ရောက် စီးနင်းပြီးနောက် ဒုတိယအကြိမ် ၀င်ရောက် စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကာမိုင်းရဲစခန်းအား KIA မှ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ပထမအကြိမ် ကာမိုင်းရဲစခန်းအား KIA မှ ၀င်ရောက်စီးနင်းမှု ခံရပြီးကတည်းက စခန်းအတွင်းရှိ မိသားစုများမှာ ကာမိုင်း ဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့ခိုလှုံနေခဲ့သည့်အတွက် ယခုဖြစ်စဉ်တွင် ၀န်ထမ်းမိသားစု များ ဒဏ်ရာရရှိမှုမရှိဘဲ ရဲစခန်းအတွင်းရှိ တပ်သားများသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကထန်ယန် တောင်ကုန်းပေါ်ရှိ မိုက်ခရိုဝေ့စခန်းပေါ်မှ ရဲစခန်းမီးလောင်ခြင်းကို တွေ့မြင်ရသူတစ်ဦးက ''ရဲစခန်းမှာရှိတဲ့ သစ်သားနေအိမ်တွေ အားလုံးလောင်သွားပါတယ်။ အုတ်နဲ့ဆောက်ထားတဲ့ အဆောက် အဦးတွေပဲကျန်ရစ်ပါတယ်။ အရင်တစ်ခေါက်ကလို လိုချင်တာကို ယူသွားတာမျိုးမဟုတ်ဘဲ မီးရှို့ဖျက်ဆီးတာ ကိုပဲ လုပ်သွားတာကိုတွေ့ ရပါတယ်''ဟု ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment