မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံအချို့သို့
ခြေစမ်းပွဲများလာရောက်ကစားရန် စီစဉ်ထားသည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်းများ
အသင်းသည် ယင်းတို့၏ ကစားသမားများစုဆောင်းမှု အဆင်မပြေခြင်းကြောင့် 2013 Asia
Tour ခြေစမ်းပွဲခရီးစဉ်ကို ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။
"ပွဲစီစဉ်ပေးသူက ဘရာဇီးလ်နာမည်ကျော် ကစားသမားဟောင်းတွေ
လိုက်မလာနိုင်တဲ့အတွက် Asia Tour အစီအစဉ်တစ်ခုလုံးကို ပယ်ဖျက်လိုက်တယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဘက်က ခြေစမ်းပွဲအတွက် ကြိုတင် စီစဉ်ထားပြီးသားပါ။
ငွေခေတ်လက်ရွေးစင် ကစားသမားတွေလည်း Old Star အသင်းအနေနဲ့
စုဖွဲ့လေ့ကျင့်နေ ကြပါပြီ။ အခုလိုခြေစမ်းပွဲ ပျက်ပြယ်သွားတဲ့အတွက်
စိတ်မကောင်းပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသာမက ထိုင်း၊ မလေးရှားစတဲ့
နိုင်ငံတွေကိုသွားမယ့် ခရီးစဉ်တွေလည်း ပယ်ဖျက်လိုက်တာပါ" ဟု
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြန်ကြားရေးဌာနတာဝန်ခံ ဦးစိုးမိုးကျော်က
ပြောကြားသည်။
No comments:
Post a Comment