နံနက် ၉ နာရီက ကျင်းပရာ မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြား ရေးမှူး ဦးသန်းထွန်းနှင့် ပျံသန်းရေး ဌာနမှူးချုပ် ဦးစိုးဟန် တို့က ခရီးစဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ဧည့်သည် များနှင့် ခရီးသည် များအားမြန်မာ့လေကြောင်းမှ ဝန်ထမ်းများက ဖွင့်ပွဲအထိမ်း အမှတ် လက်ဆောင်များ ပေးအပ်ကြသည်။
အဆိုပါ Embraer လေယာဉ်သည် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး လေဆိပ် ခန်းမဆောင်၌ မြန်မာ့ လေကြောင်း အထွေထွေ မန်နေဂျာ ဦးသန်းထွဋ်က ကြိုဆို နှုတ်ခွန်း ဆက် စကား ပြောကြားသည်။
အဆိုပါ လေယာဉ်သည် မွန်းလွဲ ၂ နာရီခွဲတွင် ခရီးသည် များတင်ဆောင်၍ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည် ထွက်ခွာ ခဲ့သည်။
ဆီဒိုးနား ဟိုတယ်၌ မြန်မာ့ လေကြောင်း၏ Embraer 190 လေယာဉ် ခရီးစဉ် စတင်ပျံသန်းခြင်း ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ညပိုင်းတွင် ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ် ထွန်းအောင်က အမှာ စကားပြော ကြားပြီး မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်း နှင့် အမေရိကန် နိုင်ငံ General Electric (GE) ကုမ္ပဏီမှ Civil Aviation Services Mr. Antony David Snelleman တို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
အဆိုပါ Embraer 190 လေယာဉ်မှာ ဘရာဇီးနိုင်ငံ SAO JOSE JOS မြို့ရှိ Embraer 190 လေယာဉ် ကုမ္ပဏီမှ ငှားရမ်း ခဲ့သော လေယာဉ်သစ် ဖြစ်သည်။ ခရီးသည် ၁ဝဝ တင်ဆောင်နိုင်ပြီး လေယာဉ် အင်ဂျင် စွမ်း ရည် ကောင်းမွန်သည်။ အမေရိကန် နိုင်ငံ GE ကုမ္ပဏီ မှ ထုတ်လုပ်သော GE-CF၊ 34-8E အင်ဂျင်စက် များကို တပ်ဆင် အသုံးပြု ထားသည်။ လေယာဉ် ပျံသန်းမှု သမိုင်း တစ်လျှောက်တွင် လေယာဉ် မတော်တဆ ထိခိုက်မှု တစ်ကြိမ် တည်းသာ ဖြစ်ခဲ့သည့် အားသာချက် ရှိကြောင်း သိရသည်။
From : မြဝတီ
No comments:
Post a Comment