ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီးဒါရိုက်တာကြည်ဖြူသျှင်က
“အမေ့ရဲ့အဝတ်အစားကအရိုးဆုံးနဲ့ အဆန်းဆုံးပါ။မြန်မာ ဆန်ဆန်ဝတ် တယ်။
အမေဝတ်တဲ့
ဒီဇိုင်းလှတာထက်အမေကလှတယ်။ကျက်သရေရှိတယ်။အမေ့ရဲ့အလှကရိုးသားတဲ့အလှ၊အမေ့ရဲ့ဝတ်စုံကြောင့်
ကမ္ဘာကတို့မြန်မာနိုင်ငံရဲ့ ဝတ်စား ဆင် ယင်မှုကိုသိလာတာလေ။အမေက
ဘယ်တိုင်းပြည်ပဲရောက်ရောက် အမြဲတမ်းရင်ဖုံးနဲ့
ထဘီပဲဝတ်တယ်။ဘွဲ့တွေယူတော့လည်း မြန်မာဝတ်စုံနဲ့ပဲ။မြန်မာ မိန်းကလေးတွေ
အတွက် အမေကစံပြပါ။ ငွေကုန်ကြေးကျခံပြီး ဝတ်စားမှလှပတာမဟုတ်ပါဘူး။အဓိကက
စိတ်ထားနဲ့ရိုးသားမှုပါပဲ” လို့ ပြောပါတယ်။
ဒီနေ့ခေတ်အနုပညာရှင်တွေရဲ့
ဝတ်စုံတွေကို စီစဉ်ချုပ်လုပ်ပေးနေတဲ့ ဒီဇိုင်နာပြည်စိုးအောင်ကလည်း
ဒေါ်အောင် ဆန်းစုကြည်ရဲ့ အဝတ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီး
“အမေစုရဲ့အဝတ်အစားဒီဇိုင်းကိုကြိုက်နှစ်သက်ပါတယ်။
မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုမျိုးဝတ်တာဂုဏ်လည်းယူ
တယ်။ကျေလည်းကျေနပ်တ ယ်။အက ယ်၍သာ ကျွန်တော်လည်းအမေ့ရဲ့ဝတ်
စုံဒီဇိုင်းကိုချုပ်ခွင့်ရမယ်ဆိုရင်
သူအမြဲတမ်းဝတ်နေကျပုံစံလေးထဲကပဲမူရင်းပုံစံကွဲမထွက်ဘဲပုံစံ
ဆန်းဆန်းလေးတွေချုပ်ပေး ချင်တယ်။ ဥပမာ-
ထဘီဆိုရင်လည်းချိတ်ဒီဇိုင်းလေးတွေလုပ်ပေးချင်ပါတယ်”
လို့သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်။
အမျိုးသမီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့
ဒီဇိုင်နာလတ်လတ်ကလည်း “မြန်မာဝတ်စုံဆိုတာ ဝတ်လိုက်တာနဲ့ကို ကျက်သရေ
ရှိတယ်လေ။အမေစုဝတ် တဲ့ မြန်မာဝတ်စုံလေး ကို
တော်တော်များများကလည်းကြိုက်နှစ်သက်လာကြတယ်။
မြန်မာဝတ်စုံဘယ်လောက်လှတယ်ဆိုတာ တချို့က မသိတာတွေရှိတယ်လေ။အဲဒီအချိန်
အမေစုဝတ် ဆင်တာတွေကိုတွေ့ လာရတော့
မြန်မာဝတ်စုံလေးတွေကိုပိုနှစ်သက်လာကြတယ်။သိပ်ကိုကျက်သရေရှိပါတယ်။Customer
တိုင်းကလည်း မြန်မာဝတ်စုံဘက်ကို
ပိုအားသန်လာကြတယ်” လို့ ပြောပါတယ်။
ပိုအားသန်လာကြတယ်” လို့ ပြောပါတယ်။
တေးသံရှင်သျှီကလည်း
“အမေ့ကိုအားကျပြီးဝတ်တဲ့သူပိုများလာတယ်။ အစ်မတို့ ကိုယ်တိုင်လည်း
ဘုန်းကြီးကျောင်းတို့၊ ဘုရားသွားတို့ဆို အမြဲထဘီဝတ်တယ်လေ။
အခုနောက်ပိုင်းကျတော့
အချိန်တော်တော်များများမှာပိုဝတ်ဖြစ်တယ်။ဒါကအမေ့ကိုအားကျတာလည်းပါတာပေါ့။ဒီမှာကInternational
Tourist တွေများလာတော့ မြန်မာဝတ်စုံဆိုတာလေးလည်း သူတို့မြင်နိုင်တာ
ပေါ့။နေရာမရွေးမှာဒါလေးက Traditional Dressပေါ့နော်။ကိုယ့်နိုင်ငံအတွက်
ပိုပြီးတော့ကောင်း တာပေါ့။ကောင်း တဲ့အချက်တွေနဲ့ ပြည့်စုံနေတဲ့အတွက်
အစ်မအနေနဲ့ကြိုက်ပါတယ်” လို့ မြန်မာဝတ်စုံလေးနဲ့ပတ်သက်ပြီး
သုံးသပ်ပြောပြပါတယ်။
မြန်မာ့ယဉ်ကျေးမှု၊
မြန်မာ့ရိုးရာ၊ မြန်မာ့ဝတ်စားဆင်ယင်မှုတွေကို မြန်မာ့ခေါင်းဆောင်က
တန်ဖိုးထားဝတ်ဆင်ပြီး ရှေ့ဆောင်လမ်းပြသွားသလို အနုပညာ နယ်ပယ်အ သီးသီးက
အနုပညာရှင်တွေကလည်း သူတို့ရဲ့ အမြင်၊ခံစားချက်လေးတွေ ကို
ပြောကြားပေးသွားခဲ့ပါပြီ။ ကိုယ့်ရေ၊ကိုယ့်မြေ၊ ကိုယ့်တိုင်းပြည်မှာ
နေထိုင်ကြတဲ့ မြန်မာ လူမျိုးများအနေနဲ့လည်း ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုကို
တန်ဖိုးထားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။
မျိုးမောင် ၊ထူးထူး ၊သိမ့်သိမ့် ၊ ယွန်းလကာင်္ပေါ်ပြူလာ
No comments:
Post a Comment