အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ်
ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဖေဖေါ်ဝါရီလ
၆ ရက်နေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေစဉ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ
မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ
သတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံးရပ်နိုင်ရေး၊
နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ
ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို
ထုတ်ပြန်ခဲ့ကြပါတယ်။
RFA
No comments:
Post a Comment