ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံးမိသော
မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက
သေမှုသေခင်းဖွင့်၍ စုံစမ်းစစ် ဆေးနေကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ
မသီတာ (၁၉) နှစ် (ဘ)
ဦးတင်အုန်းဆိုသူသည် ပဲပင်များဖြန်းပက်သော ပိုးသတ် ဆေးရေကို ၎င်းသောက်နေကျ
အားဆေးဖြင့် မှားယွင်းသောက် သုံးမိခဲ့၍ သနပ်ပင်ဆေးရုံသို့ ဆေးကုသရန်
ရောက်ရှိခဲ့သည် ဆို၏။ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ
မသီတာ၏ ဦးလေးတော် စပ်သည့် ဦးခိုင်ဇော်လင်းက ဆေး မှားသောက်မိခြင်းကိစ္စကို သနပ်ပင်ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားခဲ့သည်။
မင်းရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ဌေးဝင်းနှင့်အဖွဲ့ သနပ် ပင်ဆေးရုံသို့ ရောက်ရှိပြီး လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ဆောင်ရွက်နေစဉ် (၁၅-၂-၂၀၁၃)ရက် နံနက်(၄)နာရီ ကျော်ခန့်တွင် မသီတာ (၁၉)နှစ် သည် သေဆုံးသွားခဲ့သဖြင့် စခန်း မှူးရဲအုပ်စိန်ဌေးဝင်းက ဓမ္မတာ အတိုင်း သေဆုံးရခြင်းဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းမှုပြုလုပ် ရန်အတွက် မင်းရွာရဲစခန်းသေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖွင့် လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။
စိန်မျက်လုံး(သနပ်ပင်)
Hot News Journal
Hot News Journal
No comments:
Post a Comment