ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင်ဝေးသော သဲဖြူချောင်းတွင်
ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍
မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး
ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။
“တစ်နေ့ကို သုံးစွဲတဲ့လူငါးရာကျော်လောက်လာတ
မိုးညှင်းမြို့နယ်အတွင်းရှိသော သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းချသောနေရာ သုံးခုရှိပြီး မူးယစ်ဆေးရှူသည့် အခန်းလည်း သုံးခန်းရှိကာ မူးယစ်ဆေးဝါး အသုံးပြုသူများသည် ချောင်းဘေးတွင် အသုံးပြုနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းနေရာတွင် မူးယစ်ဆေးဝါးများအား ကျပ်တစ်ထောင်ဖိုးမှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင်တစ်မှု
“မူးယစ်ဆေးသုံးတဲ့သူက တစ်နေ့ကို သုံးခေါက်လောက်သွားတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသောနေရာ သုံးနေရာသို့ တစ်ရက်လျှင် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်ပို့ပေးနေရကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့ က ပြောသည်။
“ဆေးထိုးတဲ့သူတွေက ကြာလာတော့ အကြောတွေက ပိတ်ကုန်တာ။ အဲဒီအကြောရှာပေးတဲ့သူက လူတစ်ယောက်ကို ငါးရာတောင်းတယ်။ သူကလည်း ဆရာဝန်ထက် ကျွမ်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
7DaysNewsjournal
No comments:
Post a Comment