ကိုရီယားရုပ်သံလိုင်းတစ်ခုဖြစ်သည့် KBSရုပ်သံလိုင်းမှအရသာစုံတဲ့လောကကြီး(DELICIOUS PLANET PROGRAM ) အစီအစဉ်အားတင်ဆက်ရိုက်ကူးမည်ဖြစ်ရာ မြန်မာ့တိုင်းရင်းသားရိုးရာ စားစရာများအကြောင်းရိုက်ကူးသွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံကိုလာပြီး ရုပ်/သံ ရိုက်ကူးတာ ဒါ ပထမဦးဆုံးပါ၊ဒီအစီအစဉ်အတွက် ပဒုမ္မာ စားသောက်ဆိုင်ကို ရိုက်ပြီးပါပြီ”ဟုအရသာစုံတဲ့လောကကြီး အစီအစဉ်ဇာတ်လမ်း ဒါရိုက်တာ Mr.Kimကပြောသည်။
အဆိုပါ
အစီအစဉ်တွင် ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သည့်မင်းသမီး
ဂျောင်ဆိုယွန် (Jong Soo Young) ပါဝင်၍ကိုယ်တိုင်ချက်ပြုတ်သည့်အစီအစဉ်ကို
ကိုရီးယားနိုင်ငံ၌ တစ်ပတ်(၅)ကြိမ်ပြသသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဒဂုံမြို့နယ်ရှိ
ပဒုမ္မာစားသောက်ဆိုင်အား ရိုက်ကူးပြီးနောက်ရှမ်းပြည်နယ်၊တောင်ကြီး ၊အင်းလေး
၊ မန္တလေးတိုင်းဒေသကြီး များသို့သွားရောက်ကာ တိုင်းရင်းသားရိုးရာ ဓလေ့
အစားအစားများ နှင့် နန်းတွင်းစားတော်ပွဲနှင့်ပတ်သက်၍ ရိုက်ကူးသွားရန်
အစီအစဉ်ရှိကြောင်းကိုလည်းသိရသည်။
အဆိုပါရိုက်ကူးမှုအစီအစဉ်ကို
မြန်မာနိုင်င်ငံစားသုံးသူကာကွယ်ရေးအသင်းဒုဥက္ကဌ ဦးဆန်နီ အောင်ခင်၏
ပဒုမ္မာစားသောက်ဆိုင်တွင် ရိုက်ကူးခဲ့ကြောင်းအသင်းဥက္ကဌ ဦးဗအုပ်ခိုင်က
ဆိုသည်။
“ဆရာကြီးဖိုးသောကြာခေတ်မိုးက
ဆရာ့ကိုအကူအညီတောင်းလို့ အဆင်ပြေအောင် စီစဉ်ပေးလိုက်တာပါ၊
ပဒုမ္မာစားသောက်ဆိုင်ခန်းပုံစံကမြန်မာမူတွေနဲ့စီစဉ်ထားတာကြောင့် မြန်မာ
အစားအသောက်တွေကိုသူတို့ကိုယ်တိုင်ချက်ပြုတ် ရိုက်ကူးမယ်ဆိုတော့ ဒီနေရာက
အဆင် ပြေတဲ့အတွက်စီစဉ်ပေးလိုက်တာပါ။”ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဌဦးဗအုပ်ခိုင်က ပြောသည်။
မြစ်မခ
No comments:
Post a Comment