“ကျွန်တော်နဲ့ ကျွန်တော့်ဆွဲ ကြိုးကိုလိမ်သွားတဲ့သူကိုစိုးမိုးအောင် (ခ) ကိုတိုးဟာရေသန့်လိုက်ပို့ရင်း ခင်မင်ရင်းနှီးခဲ့ပါတယ်။ တစ်နေ့ ကို တိုးကသူ့ဇနီးနဲ့ ခရီးသွားဖို့ အတွက် ငွေအရေးတကြီးလိုတယ် ဆိုပြီး ကျွန်တော့်ဆီက (၁) ကျပ် သားဆွဲကြိုးကိုခဏငှားသွားပြီး နောက် (၁၀) ရက်ကြာရင်ပြန်ပေး မယ်လို့ပြောပါတယ်။ ကျွန်တော် က (၁၀) ရက်အကြာသူအလုပ်လုပ် တဲ့နေရာမှာသွားတောင်းတော့ ကျွန်တော့်ကိုရှောင်နေပါတယ်။ ကျွန်တော်ကသူနဲ့ ရင်းနှီးတဲ့အတွက် သူ့ကိုယုံပြီးအောက်တိုဘာအထိ စောင့်ပါသေးတယ်။ ဒါပေမဲ့မရတဲ့ အဆုံးအောက်တိုဘာလ (၁၇) ရက်နေ့မှာ ရန်ကင်းရဲစခန်းကိုတိုင်၊ တရားရုံးကိုဦးတိုက်လျှောက်တဲ့ အခါအမှုအမှတ် (၃၇၉) ပုဒ်မ (၄၂၀) နဲ့ အမှုကိုကြားနာစစ်ဆေး ပြီး ကိုတိုးကိုဖမ်းဝရမ်းထုတ်ခဲ့ပါ တယ်”ဟု လိမ်လည်ခံရသူကို ချစ်စမ်းမောင်ကပြောသည်။ ဖမ်း ၀ရမ်းထုတ်ထားသော်လည်း ကိုတိုးဆိုသူကိုဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း ၎င်းကထပ်မံပြော သည်။ ကျွန်တော်ကတော့ ဆင်းရဲ သားဖြစ်တဲ့အတွက် ကိုယ့်ဆွဲကြိုး ပြန်ရရင်ကျေနပ်ပါပြီ”ဟု အလိမ် ခံရသူကိုချစ်စမ်းမောင်မှပြောခဲ့ သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ (၃) ရက်နေ့၌ ရန်ကင်း ရဲစခန်းဖုန်းနံပါတ် ၅၇၇၁၉၀ သို့ ဆက်သွယ်မေးမြန်းရာ “အဲဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရန်ကင်းရဲစခန်းအနေနဲ့ဆောင်ရွက် နေဆဲပါ”ဟု ရဲစခန်း ဖုန်းကိုင်သူမှ ပြန်လည်ဖြေကြားခဲ့သည်။
ညီညီအောင်
HotNewsJournal
No comments:
Post a Comment