ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှု တစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
ထားဝယ်မြို့လေဆိပ်မှ လေယာဉ်ထွက်ခွာရန် တံခါးပိတ်ပြီးနောက် လေယာဉ်တံခါးပေါက်မှတဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ်တစ်ဦးအားပွေ့ချီလျက်လေယာဉ်ဆီအော်ဟစ်ပြေးလွှားလာနေသူများကို လေယာဉ်ပြ တင်းမှတဆင့် လေယဉ်မှုး ဦးသန်းထွေးတွေ့ခဲ့ရသည်။
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည့်အခါ လေယာဉ်မှုး တစ်ဦးလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို မေ့ဖောက်လျက်အရေးပေါ်အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့် အရေးပေါ်လူနာနှင့် လူနာရှင်များအားလေယာဉ်ပေါ်တွင်တင် ဆောင်လာရန်ဆုံး ဖြတ်ခဲ့သူဖြစ်သည်။
မိမိအလုပ်၊ နေရာနှင့်ရင်းကာ လူသားစိတ်အပြည့်ဖြင့်အသက်တစ်ချောင်းကယ်တင်ရန်ကြိုးစားခဲ့သော ဦးသန်းထွေး၏ သူရဲ ကောင်းစိတ်ဓာတ်ကြောင့် 7Day News သူရဲကောင်းအဖြစ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။
လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။
7DaysNewsJournal
No comments:
Post a Comment