ဆက်လက်၍လည်း မြို့မြေ နေရာချထားရေးကော်မတီအနေ ဖြင့် ပဲခူးတက္ကသိုလ်နယ်မြေတွင်း ကျူးကျော် သူများ၊ စက်မှုဝန်ကြီးဌာနပိုင် စက်မှုနယ်မြေတွင်း ကျူးကျော်သူများ၊ ပဲခူးမြို့ရှောင်လမ်းပေါ်တွင် ကျူးကျော်နေထိုင်သူများအပါအ၀င် စုစုပေါင်း(၄၀၀) ဦးခန့်ကိုလည်း မြေနေရာများ ဆက်လက်ချထားပေး မည်ဖြစ်ကြောင်း သိရသည်။
(၅-၃-၂၀၁၃)ရက်မှစတင်၍ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ကြီး/၈၊ မြေတိုင်းရပ်ကွက်(၂၄) အတွင်းရှိ မြို့ပြစီမံကိန်း(၂)အတွင်းရှိ ဘုရားလမ်းထိပ်(ရှင်ဆောင်း အထည်ချုပ်စက်ရုံ)ဘေးတွင် မြို့ပြနေရာ ချထားရေးကွပ်ကဲမှုရုံးကို (၂၄) နာရီဖွင့်လှစ်ပြီး စီမံကိန်းလုပ်ငန်းများကို အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးနေလျက် ရှိကြောင်း ကွပ်ကဲမှုရုံးတာဝန်ခံ ဦးဟိန်းလတ်၏ ပြောပြချက်အရ သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းပိုင် မြေဧရိယာ အတွင်း ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်တစ်စုလျှင် တစ်သိန်း ကျပ်နှုန်း ထုတ်ပေးနေလျက်ရှိ သည်။
နီလာဝင်း(ရွှေသွေးကြီး)
The Hot News
No comments:
Post a Comment