အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရ တဲ့ တောင်ကိုရီးယား နိုင်ငံကစစ်တမ်းတခုမှာ စစ်ရေးနဲ့တုံ့ပြန်ဖို့ အများ စုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်းလုပ်ခဲ့တဲ့စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယား ဖက်က စစ်ရေးရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး
လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀
ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲ မှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြောပါတယ်။
အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေဟာ ကိုရီးယား ကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီး တဲ့နောက်မှာမှမနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်း အကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေ အပေါ် မြောက် ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေချိန်မှာ အခုလို တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေ အပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်း ခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာမဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်၊ တောင်ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ် ဆက် သွယ်ရေး လမ်းကြောင်းတွေကိုမြောက်ကိုရီးယားအစိုး ရက ဖြတ်တောက်ခဲ့ပါတယ် ၊ တောင်နဲ့ မြောက် ကိုရီးယား ၂နိုင်ငံစက်မှုဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ်ဖြတ်ကျော်မှုတွေ ဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။
VOA
အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေဟာ ကိုရီးယား ကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီး တဲ့နောက်မှ
တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေ အပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်း ခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာမဟုတ်ဘူးလို
VOA
No comments:
Post a Comment