သို့ဖြစ်၍ တင်ကိုအား စောင့်ကြည့်စုံစမ်းမှုများပြုလုပ်ခဲ့ရာ ၎င်းသည်အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက် သီရိမန္တလာကားကြီး ကွင်းတောင်ဘက်ရှိ ““စန်းသီတာ””တည်းခိုခန်းတွင် တည်းခိုနေထိုင် လျက်ရှိကြောင်း၊၊ ငွေအသုံးများပြီး ငွေကျပ်(၅၀၀၀ိ/-)တန်များအား အထပ်လိုက်ကိုင်ပြီး သုံးစွဲ လျက် ရှိကြောင်းနှင့် XONBO ၁၂၅ အမျိုးအစားအနက်ရောင်ဆိုင်ကယ်အား စီးနင်း သုံးစွဲလျက်ရှိကြောင်း သိရှိခဲ့ရသဖြင့် ၇-၃-၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန်တွင် တင်ကို အား ခေါ်ယူ စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ တင်ကိုသည် ၇-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်က ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ SONY တံဆိပ်ပါ ဒီဂျစ်တယ်ကင်မရာ ၁ လုံး၊ SONY တံဆိပ်ပါ ကင်မရာ ထည့်သည့်အိတ် ၁ လုံး၊ (၅၀၀၀ိ/-)ကျပ်တန် ငွေစက်္ကူ ၃၉ ရွက်နှင့် (၁၀၀၀ိ/-)ကျပ်တန် ငွေစက္ကူ ၅၅ ရွက်၊ စုစုပေါင်းငွေကျပ်(၂၄၀၀၀၀ိ/-)
အား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း (ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၁-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်း သော့တန်းလန်းဖြင့် ရပ်ထားသော XONBO-၁၂၅ အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေး အမှတ်(၄)ရဲစခန်း(ပ)၅၂/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကလည်း မန္တလေး တက္ကသိုလ် အနီးရှိ အမည်မမှတ်မိ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရပ်ထားသော ၁၅ယ/xxxx LUOJIA -၁၁၀ အမျိုးအစား ပန်းဆီရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလး အမှတ်(၉) ရဲစခန်း(ပ)၁၇၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၇-၂-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ချမ်းအေး သာစံမြို့နယ်၊ ၇၀x၇၁နှင့် ၃၃x၃၄ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှ HP DVGT ၇၂၀၀ အမျိုးအစား အနက်ရောင် လက်တော့ပ် ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေး အမှတ်(၃) ရဲစခန်း (ပ)၅၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာဈေးတောင်ဘက် ၇၂x၇၃ လမ်းကြား၊ ၃၂ လမ်းရှိ နေအိမ် တစ်အိမ် အတွင်းမှ HUAWEI-C5730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃) ရဲစခန်း(ပ)၁၀၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၄ ရက်နေ့ ၀၂၃၀ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြား ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ NCIKA-N9-02 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ၁ လုံးအားခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၄)ရဲစခန်း(ပ)၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၁ ရက်နေ့ ၀၂၁၅ အချိန်ခန့်ကလည်း ချမ်းမြသာစည်မြို့နယ် ၊ အောင်ပင်လယ်မြို့သစ်ရပ်ကွက် ၅၆x၅၈ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှSAMSUNG-R940 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် အောင်ပင်လယ် ရဲစခန်း(ပ)၉၅/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၂၆-၂-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက် ရပ်ကွက်ရှိ နေအိမ် တစ်အိမ် အတွင်းမှ ငွေကျပ်(၁)သိန်းကျော် ခိုးယူခဲ့ကြောင်းနှင့် အဆိုပါခိုးယူရရှိသောငွေဖြင့် ၁-၃-၂၀၁၃ ရက်နေ့က မင်္ဂလာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အလေးချိန် ၁ ပဲ ၁ ရွေးကျော်ရှိ စတိလက်စွပ် ၁ ကွင်း၊ တန်ဘိုးငွေ ကျပ်(၆၅၀၀၀ိ/-) ဖြင့်လည်းကောင်း၊ အလေးချိန် ၄ ရွေးရှိ စတိလက်စွပ် ၁ ကွင်းအား တန်ဘိုးငွေ ကျပ်(၃၀၀၀၀ိ/-) ဖြင့်လည်းကောင်း ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ် (၇)ရဲစခန်း (ပ)၁၆၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ လွန်ခဲ့သော ၁၃ ရက်နေ့ ၀၂၄၀ အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၅၈x၅၉ လမ်းနှင့် ၃၂x၃၄ လမ်းကြား၊ ရပ်ကွက် တစ်ခုအတွင်း ရှိ နေအိမ် တစ်အိမ် အတွင်းမှ SAMSUNG အမျိုးအစား ပန်းနုရောင် လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၁၀၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူခဲ့သည်။
သို့ဖြစ်၍ သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ၊ တောင်တွင်း ကြီးမြို့နယ် ၊ ဆတ်သွားကျေးရွာနေ တင်ကို(၂၀)နှစ်အား ထိုက်သင့်သည့်ပြဒ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment