ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင်
ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ
နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။
``အခု
ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း
များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။
ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့
ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။
၂၀၁၁
ခုနှစ် မတိုင်မီကာလအထိ တစ်ရက်လျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၀)
မှ(၁၀၀) ၀န်းကျင်ရှိသော်လည်း ယခုအချိန်တွင် တစ်ရက် ပျမ်းမျှ (၁၅၀)မှ (၂၀၀)
အတွင်း မြင့်တက်လာကြောင်း က.ည.န(ရွာသာကြီး)မှ သိရသည်။
``
ကျွန်တော် ဒီမှာ လာဖြေတာ သုံးခေါက်ရှိပြီ။ အခုတစ်ခေါက်လည်း ကျတယ်။
အခုတစ်ခေါက်က Simulator စာမေးပွဲမှာ ကျတာ၊လက်တွေ့ ဂိမ်းနဲ့ ကားမောင်းရတဲ့
ပုံစံမျိုးပေါ့၊ ´´ ဟု က.ည.န( ရွာသာကြီး)တွင် လာရောက်ဖြေဆိုသူ ကိုဇင်ဖြိုးက ပြောသည်။
ထပ်မံတိုးလာသော
ဖြေဆိုနည်းမှာ Simulator စာမေးပွဲဖြစ်ပြီး အဆိုပါ စာမေးပွဲမှာ
လက်တွေ့မောင်းနှင် ရသည့်ဂိမ်းတစ်မျိုးဖြစ်ပြီး ၁၀ မှတ်ပေးထားရာ ၆ မှတ်ရ
လျှင် အောင်မြင်ကြောင်း သိရသည်။
အထူးသဖြင့်
၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ
တိုးတက်လာပြီး (င) လိုင်စင်ပြုလုပ်သူ အထူးများပြား လာကြောင်း သိရသည်။
စာမေးပွဲ အောင်မြင်သူများတွင်လည်း (င) လိုင်စင် ပြုလုပ်သူများသည် အအောင်
များကြောင်း သိရသည်။
``
ဒီမှာ လာဖြေတဲ့သူ အများစုက လက်တွေ့တွေမှာ အောင်ကြတယ်။ ဒါပေမဲ့ စာတွေ့မှာ
ကျကြတာများတယ်။ လာဖြေတဲ့သူတွက လက်တွေ့ကို အားစိုက်ကြပြီး
စာဖတ်အားနည်းပုံရတယ်´´ဟု က.ည.န (ရွာသာကြီး) စစ်ဆေးရေးမှူးများ က ပြောသည်။
မြန်မာနိုင်ငံတွင်း
နောက်ပိုင်း ကုမ္မဏီများမှ အလုပ်များခေါ်ယူရာတွင် ယာဉ်မောင်း တတ်မှုမှာ
တစ်ဘမ်းသာသည့်အတွက် အလုပ်လျှောက်သည့်အခါ အဆင်ပြေစေရန်
ယာဉ်မောင်းလိုင်စင်လာရောက် ဖြေဆိုကြခြင်း ဖြစ်ကြောင်း လာရောက်ဖြေဆိုသူ
အများစုက ဆိုသည်။
`` င
လိုင်စင်ဖြေတဲ့သူတွေကျတော့ လုပ်ငန်းအတွက် လာဖြေကြတာ ဆိုတော့ နောက်တစ်ခေါက်
ထပ်ဖြေဖို့ အချိန် မရှိကြတော့ တစ်ခါတည်း အောင်ဖို့ ကြိုးစားပြီး ဖြေကြ
တယ်၊ ဒါပေမဲ့ ခ လိုင်စင်ကျတော့ သူဌေးတွေ လာဖြေကြတာ များတယ်၊အိမ်မှာ ကားရှိလို့သာ လာဖြေကြတာ၊ စာတွေ့ရော လက်တွေ့ ရော လေ့လာမှု အားနည်းတယ်၊ ပေါ့တီးပေါ့လျှံနဲ့ အများစုက ဘာမှလည်း မသိကြဘူး´´ ဟု စာမေးပွဲစစ်ဆေးရေးမှူး တစ်ဦးက ပြောသည်။
၂၀၁၁
ခုနှစ် နောက်ပိုင်း ကားတင်သွင်းခွင့်များ သက်ဆိုင်ရာမှ
လျှော့ချခဲ့ပြီးနောက် ရန်ကုန်မြို့အတွင်း ကားအစီးရေ တစ်သိန်းနီးပါး
မြင့်တက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိုကဲ့သို့ ကားအစီးရေတိုးလာသည့် အလျောက် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူ ဦးရေမြင့် တက်လာခြင်းဖြစ်ကြောင်း က.ည.န (ရွာသာကြီး)မှ သိရသည်။
မြတ်မိုးကျော်(မြစ်မခ)
စာတွေ့ မှာဘယ်လို ဖြေ၇လဲဗျာ့ မလေးရှားမှာတော့အွန်လိုင်းအနေနဲ့ ဖြေဆို၇ပါတယ် တကယ်လို့ မြန်မာကသာစာတွေ့ ပါ အွန်လိုင်းကနေဖြေဆို၇မယ်ဆိုတော်တော်လေးအဆင်မြင့်ဘွယ်ရှိပါတယ်
ReplyDelete