နိုင်ငံတော်အတွက် အရေးကြီးသည့်ကုန်ပစ္စည်း များမှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန်လိုင်စင်
လျှောက်ထားရန် မလို၊ လိုင်စင် ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊
ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်သည် ကုန်သည်လုပ်ငန်းရှင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး မန္တလေးတိုင်း ဒေသကြီးမန်နေဂျာရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဈေးကွက် ဝယ်လိုအား ကောင်းသောသီးနှံများအား ရာသီချိန်ကိုက် စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမို တင်ပို့ နိုင်ရေး၊ နိုင်ငံခြား ဈေးကွက် ပုံမှန်ရရှိရေး၊ လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကဏ္ဍအလိုက်အသင်းအဖွဲ့များကို မြို့နယ်အဆင့်များအထိ တိုးချဲ့ဖွဲ့စည်းပြီး မြို့နယ်တိုင်းတွင် ကုန်စည်ဒိုင်များ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုးတိုးတက်မှုရှိရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ပြဋ္ဌာန်း မည့် နိုင်ငံတကာ သဘောတူညီချက်များနှင့် ပြည်တွင်း ဥပဒေများအရ ကန့်သတ်ကုန်ပစ္စည်း၊ တားမြစ် ကုန်ပစ္စည်း ၊ နိုင်ငံတော်အတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ မှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားရန် မလိုဘဲ တင်ပို့ တင်သွင်းခွင့်ပြု သွားရန် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ အဆင့်ဆင့်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်း ကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ လိုင်စင်များ လက်ခံစိစစ် ထုတ်ပေးမည် ဖြစ်ပါ သဖြင့် နေပြည်တော်သို့ လာရောက်လိုင်စင် လျှောက်ထားရသည့် ကုန်ကျစရိတ်၊ သီးသန့် လိုင်စင် လျှောက်ထားရန် ဝန်ထမ်း ခန့်အပ်ထားသည့် စရိတ်များလျော့နည်းသက်သာ သွားမည် ဖြစ်ကြောင်း၊ မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်မှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ အနေဖြင့် တောင်သူအကျိုး၊ ကုန်သည် ပွဲစားများ အကျိုး၊ ပြည်ပ တင်ပို့သူများ အကျိုးနှင့် နိုင်ငံတော် အကျိုးကို မျှတအောင် စဉ်းစားသုံးသပ် ကြပြီး နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင် များ ဖြစ်ပေါ် လာရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် တာဝန်ရှိသူများက ကုန်သွယ်မှု လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:
Post a Comment