တောင်ကိုရီးယားနိုင်ငံတွင် ယခုရက်သတ္တပတ်အတွင်း၌ အမျိုးသမီးများ
အဝတ်အစားအဖော်အချွတ်နှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရာ
လူထုကြား၌ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။
ကိုရီးယားနိုင်ငံရှိ အမျိုးသမီးများက အများပြည်သူရှေ့တွင် ပေါင်ပေါ်စကတ်ကို ဝတ်ဆင်လျှင်သော် လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလွန်အမင်းဖော်ပြလျှင်သော်လည်းကောင်း ကိုရီးယား ငွေဝမ် ၅၀,၀၀၀ ဒဏ်ကြေးငွေပေးဆောင် ရမည်ဟု သိရသည်။
အဆိုပါ ဥပဒေသစ်ကို တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူ ပက်ဂွမ်ဟေးကသူမ၏ ပထမဆုံးဒဝန်ကြီးများ တွေ့ဆုံ အစည်းအဝေး၌ အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေအပေါ် ခေတ်နောက် ပြန်ဆွဲသောဥပဒေဟုလည်းကောင်း၊ အာဏာရှင်ဆန်သောဥပဒေဟု လည်းကောင်း အမျိုးမျိုး ဝေဖန် ကြကြောင်း သိရသည်။
ပက်ဂွမ်းဟေး၏ အဖေဖြစ်သူ ပတ်ချုံဟီး တောင်ကိုရီးယားနိုင်ငံကို ၁၉၇၀ ပြည့်နှစ်များက အုပ်ချုပ်စဉ် ကလည်း အလားတူဥပဒေမျိုး ပြဌာန်းခဲ့ဖူးသည်ဟုသိရသည်။ စကတ်တိုဝတ်ဆင်ခြင်းသည် ကိုရီးယား အမျိုးသမီး များနှင့် ဆိုတော် များ အကြားတွင် အလွန်ခေတ် စားနေသော ဖက်ရှင် တစ်ခု ဖြစ်သည်။
Myawady News

No comments:
Post a Comment