ညောင်ဦးမြို့ မဏိစည်သူဈေး တစ်ဝိုက်တွင် ယာဉ်သွားယာဉ်လာများ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ၊ ဈေးသွားဈေးလာများဖြင့် နေ့စဉ်ပြည့်ကျပ် ရှုပ်ထွေး နေ သော ကြောင့်မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေ ချင် ကြောင်းဒေသခံ များထံမှ သိရှိရပါသည်။““နေ့စဉ် နံနက်တိုင်း tour ကားတွေက အကြီးအငယ် အ၀င်အထွက် တန်းစီပြည့် ကျပ်နေတယ်။မြင်းလှည်း၊ ဆိုက္ကား၊ တွန်းလှည်းတွေနဲ့၊ မြင်းခြံပခုက္ကူတွေ ဘက် သွားတဲ့ စီမံကိန်းကားရှည်ကြီး တွေကလည်းနေ့စဉ် ရှိတယ်။ နိုင်ငံ ခြားသားတွေ နဲ့တစ်နေ့နေ့ ပြဿနာဖြစ်လာနိုင်တယ်”” ဟုဈေးအနီး နေထိုင်သော ဒေသခံ တစ်ဦးကပြောသည်။
““မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်ပါပြီ။ လုပ်တော့မယ် လုပ်တော့မယ်နဲ့ ကြာလှပြီ။ ခုထိဘာမှလည်း ဟုတ် တိပတ်တိ အကောင်အထည်ပေါ် မလာသေးဘူး”” ဟုမြို့ခံတစ်ဦးကပြောသည်။
မဏိစည်သူ ဈေးမှာလည်း လက်ရှိအခြေအနေအရ ကျဉ်းကျပ်လာပြီဖြစ်ကြောင်း၊ မဏိစည်သူဈေး နှင့် ဘုန်းစင်ဝိုင်းအတွင်း ရှိ ဈေးများ သည် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများ အဓိကထား လာရောက် လေ့လာသောနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
မြို့ရှောင်လမ်းအား အကောင်အထည်ဖော် လိုက်ပါက ပြည်တွင်းပြည်ပ ခရီးသွားများ၊ ဒေသခံများယာဉ်အန္တရာယ် ကင်းဝေး သွားနိုင်သည့် အပြင်၊ မြို့တွင်းလမ်းနှင့် ချောင်းများ ပျက် စီးမှု နည်းပါးသွားမည်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို သည်။
ပုဂံသစ္စာ
Popular Myanmar News Journal

No comments:
Post a Comment