မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍
သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ်နေသော်လည်း ၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊
ဘာသာရေးအစွဲအလမ်းကြီးမှု ၊ အယူသီးမှုများကြောင့် အချို့သောနေရာများတွင်
အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး
ဝန်ကြီးဦးဆန်းဆင့်က ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
“ကျွန်တော်တို့အခု အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ် နဲ့
ပြည်သူအစိုးရဖြစ်ပါတယ်။ ဒါပေမယ့် အချို့သောနေရာတွေမှာ
ချက်ချင်းလုပ်လိုက်ရင် အခက်အခဲတွေရှိပါတယ်။
ပြည်သူတွေက“အမြင်မကျယ်သေးဘူးလို့ပြောချင်တယ်။ ဘာလို့လဲဆိုတော့
ပြည်သူတွေအားလုံးက ဘာသာရေးအစွဲအလမ်းကြီးတာတွေ ၊ အယူသီးတာတွေ ရှိသေးတယ်။
ဒီလိုတွေဖြစ်နေတဲ့အခါကျတော့ လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့
မကျေနပ်ချက်တွေဖြစ်လာပြီး တစ်ယောက် နဲ့ တစ်ယောက် အာဃာတပွားလာပြီးတော့
ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါမျိုးတွေကိုလည်း
မဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေမှာ ထိန်းထိန်းသိမ်းသိမ်း
လုပ်နေရတဲ့အခြေအနေလေးတွေ ရှိနေပါတယ်´´ဟုပြောကြားခဲ့သည်။ လူမျိုးတစ်မျိုး
နှင့် တစ်မျိုးအထင်အမြင်လွဲမှားမှုများအား လျော့ကျစေရန်အတွက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဖြိုးအောင်
HotNewsJournal
လေးစားပါတယ်၊ အားပေးပါတယ်၊ ၀န်ကြီး ခင်ဗျား။ ပြည်သူများ အမြင်မကျယ်သေးတာက တပိုင်းပါ၊ အစိုးရကလည်း တင်းပြည့် ကျပ်ပြည့် GOOD & CLEAN ဖြစ်နေလို့လား။ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာက နိုင်ငံသား အားလုံးပါပဲဗျာ။ အစိုးရ ထိန်းထိန်းသိမ်းသိမ်း လုပ်ပုံက မီးခိုးဗုံးတွေနဲ့ ဖြေရှင်းပြီးမှ ပြန်တောင်းပန်တာချည်း ဖြစ်နေမှာ စိုးမိပါရဲ့။
ReplyDelete