ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ
တုန်ရွာသပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့်
တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က
သတင်းပေးပို့သည်။
အဆိုပါ
သပိတ်စခန်းသို့အရောက်တွင် သပိတ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်အား
ကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် ပြောဆို၍ တွေ့ဆုံရန် ငြင်းဆိုသည့်ကြားမှ
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန်ကြိုးစားပြီး စီမံကိန်းနှင့်ပတ်သက်သည့်
အကြောင်းရာများကို ရှင်းပြနေကြောင်း သတင်းပေးပို့သည်။
"ဘာဖြစ်လို့
ဆန္ဒပြနေကြတာလဲ။ မနေ့ကရော ဒီနေ့ရော သူတို့ကိုတွေ့ဖို့ ကျွန်မလိုက်ရှာနေတယ်။
ခုထိကို မတွေ့ရသေဘူး" ဟု ယနေ့နံနက်အစောပိုင်းက ရွာသစ်ကျေးရွာရှိ
ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာဟောင်းသို့ သွားရောက်မည်ဖြစ်ပြီး သွားရောက်ရာလမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးအင်အားများ ထူထပ်စွာချထားကြောင်း သတင်းပေးပို့သည်။
လက်ပံတောင်းတောင်အစီရင်ခံစာနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆန္ဒဖော်ထုတ်နေသူများ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လက်ပံတောင်းတောင်အစီရင်ခံစာနှင်
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
No comments:
Post a Comment