ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦ ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူ
၂၈-၃-၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊
ပြည်ကြီး မျက်မှန် ရပ်ကွက်၊ ၂၆x၆၆ လမ်းထောင့်ရှိ
ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦအား လူငယ်(၄)ဦးမှ ရိုက်ချိုးဖျက် ဆီးနေကြောင်း သတင်းအရ အမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ယာဉ်ထိန်း မီးပွိုင့်အဆောက်အဦ၏မှန်များ၊မီးပွိုင့်ပုံးမှမီးကြိုးများပျက်စီးနေပြီး
အဆောက်အဦ အတွင်းရှိ တာဝန်ကျ မှတ်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးထားပြီး
တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံး ခဲ့ကြောင်းတွေ့ ရှိရသဖြင့်
တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
ထိုသို့စုံစမ်းနေစဉ်
၁၉ လမ်း၊ ၆၃x၆၄ လမ်းကြားတွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရွာနေ
အောင်ဖြိုး (၁၈)နှစ်နှင့် တစ်ရွာတည်းနေ ၀င်းကိုကျော်(၂၂)နှစ်တို့ ၂ ဦးအား
အရှည်(၃)ပေခန့်၊ အနံ(၁)လက်မခွဲခန့်၊ ထု(၁)လက်မခန့်ရှိ
သံကြမ်းပြား(၁)ချောင်း၊
ဆိုင်ကယ်(၁)စီးတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပုသိမ်ကြီး မြို့နယ်၊
ဘူးကုန်း ရွာနေ အောင်ကိုကို(၁၉)နှစ်နှင့် ထက်အောင်(၁၇)နှစ်တို့ ၂ ဦးအား
၎င်းတို့၏နေအိမ် အသီးသီး တွင် ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဖြိုး၊ ၀င်းကိုကျော်၊ အောင်ကိုကိုနှင့် ထက်အောင်တို့ ၄ ဦးအား မန္တလေး အမှတ်(၃)ရဲစခန်း (ပ)၁၂၃/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် လည်းကောင်း၊(ပ)၁၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်
အရေးယူ ထားကြောင်းနှင့် အချက်ပြမီးပွိုင့်အား တာဝန်ရှိသူများ က
ပြန်လည်ပြုပြင်ခဲ့ရာ ၀၉၃၀ အချိန် ပြုပြင်ပြီးစီး ခဲ့သဖြင့် မီးအချက်ပြသမှု
ပုံမှန်ပြသလျှက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment