အရှည် ၂၅၀၇ ပေရှိ လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှ စ၍ ဖြတ်သန်း ခွင့်ပြုကြောင်းသိရသည်။
ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ
ဖြတ်သန်းသွားလာ မည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင်
ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်လည်း နာနတ်တော မီးပွိုင့်ကို ဧပြီ ၁၀
ရက်မှ စ၍ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး၊
ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ဧပြီ ၉ ရက်က
ကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောကြားသည်။
''တံတားအဆင်း နာနတ်တောမီးပွိုင့်မှာ ကားတွေပိတ်နေမှာစိုးတဲ့အတွက်
နာနတ်တောမီးပွိုင့်ကို ဖျက်လိုက်ပါမယ်။ ဒါပေမယ့် ရပ်၊ ကြည့်၊ သွား
စနစ်ဖြစ်တဲ့ အချက်မီးဝါထားရှိပြီး ယာဉ်ကြောရှင်းလင်းပေး သွားမှာပါ'' ဟု
ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှ ရဲမှူးသာဌေး က ပြော ကြားခဲ့ပါသည်။
အဆိုပါ လှည်းတန်းခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ်
တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊
ပလက်ဖောင်းအကျယ်- ၃ ပေ(နှစ်ဘက်)၊ တံတားအကျယ် ၅၀ ပေ ၈လက်မ၊ တံတားအောက်
ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀နှင့်
ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိကြောင်း သိရသည်။
တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ပဏာမတွက်ချက်မှုများ အရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။
From...Eleven
No comments:
Post a Comment