“ပြီးခဲ့တဲ့ အပတ် မတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ တပတ် အတွင်း ရွှေဈေးကို ဒေါ်လာဈေးနဲ့ (တရုတ်) ယွမ်ဈေးက ဦးဆောင် သွားခဲ့တယ်။ ဒေါ်လာနဲ့ယွမ်ဈေး တက်ရင် ပြည်တွင်းအခေါက်ရွှေဈေး လိုက်တက်တယ်။
ဒေါ်လာနဲ့ ယွမ်ဈေးကျရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်ကျခဲ့တယ်။ ဒီတပတ် (ဧပြီ ၁ ရက်မှ ဧပြီ ၆ ၇က်အထိ) မှာတော့ ကမ္ဘာ့ရွှေဈေး ဦးဆောင်သွားနိုင်ဖွယ်ရှိမယ်လို့ ခန့်မှန်းပါတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် ကပြောကြားသည်။
ယခင် သီတင်းပတ်အတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးမှာ ၁ အောင်စလျှင် ၁,၆၁၀ ဒေါ်လာ ဖြစ်ခဲ့ပြီး အနိမ့် ဆုံးမှာ ၁,၅၉၅ ဒေါ်လာ ဖြစ်ခဲ့သည်။
“မတ်လ နောက်ဆုံးပတ်မှာ ပြည်တွင်းရွှေ ပေါက်ဈေးအရ နယ်စပ်က ရွှေအဝင် ပါးပါးရှိတယ်။ နယ်စပ်ဘက်က
ရွှေပေါက်ဈေး မြင့်တဲ့အခါ ပြည်တွင်းရွှေ နယ်စပ်ဘက်ကိုခပ်ပါးပါး စီးဆင်းမှုရှိတယ်။ သိသိသာသာများများ စားစားကြီးတော့ မဟုတ်ဘူး။ အရပ်ဝယ်လက်တွေလည်း ငြိမ်နေတယ်။ လက်ကြီးတွေလည်း မိတ္ထီလာ ပြဿနာနောက်ပိုင်း ငြိမ်နေတယ်။ အကယ်၍ ကျပ် ၇၅၀,၀၀၀ ထက် ကျပ် ၅၀၀ ဝန်း ကျင်လောက် ဈေးထက်တက်ရင်တော့ အရပ်ဝယ်လက်တွေ ရွှေပြန်ထုတ် ရောင်းလာနိုင်ပါတယ်” ဟု ရွှေ ကုန်သည် ဦးအေးက ဆိုသည်။
မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၅၀,၀၀၀ ကျပ်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့သည်။
မဇ္ဈိမ
No comments:
Post a Comment