Friday, April 12, 2013

ဒေါ်အောင် ဆန်းစုကြ ည်၏ ဂျပန်နိုင်ငံ ခရီးစဉ်


ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် (၁၂.၄.၂၀၁၃ – ၁၉.၄.၂၀၁၃)၁၂.၄.၂၀၁၃ – ညနေပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာပြီး ဘန်ကောက်မြို့မှ တဆင့် ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်။
၁၃.၄.၂၀၁၃ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိမည်။
၁၃.၄.၂၀၁၃ – ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်။
ညနေတွင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညစာစားပွဲတွင်တွေ့ဆုံမည်။
၁၄.၄.၂၀၁၃ – ကျိုတိုမြို့သို့သွားရောက်ပြီး အသေးစားရေအားလျပ်စစ်လုပ်ငန်းတခုကို သွားရောက် လေ့လာမည်။
၁၅.၄.၂၀၁၃ – ကျိုတိုမြို့ရှိမြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်။
ကျိုတိုတက္ကသိုလ် (Kyoto Univewrsity) တွင် မိန့်ခွန်းပြောမည်။
နေ့လည်ပိုင်းတွင် ရှိကိုးကူးတက္ကသိုလ် (Ryukoku University) ၌ မိန့်ခွန်းပြောမည်။
၁၆.၄.၂၀၁၃ – ဂျပန် အထက်လွှတ်တော် (House of Councillors) ဥက္ကဋ္ဌနှင့်တွေ့ဆုံမည်။
ထို့နောက် Diet သို့သွားရောက်လည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံမည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမည်။
၁၇.၄.၂၀၁၃ – တိုကျိုတက္ကသိုလ် (Tokyo University) တွင် မိန့်ခွန်းပြောကြားမည်။
၁၈.၄.၂၀၁၃ – အောက်လွှတ်တော် (House of Representatives) သို့သွားရောက်လည်ပတ်၍ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်။
၁၉.၄.၂၀၁၃ – ဂျပန်နိုင်ငံ တိုကျိုမြို့ နရီတာလေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ဘန်ကောက်မြို့မှတဆင့် ညနေပိုင်းတွင်ပြန်လည်ရောက်ရှိမည်။
NLD FB

No comments:

Post a Comment