ယနေ့ဧပြီလ(၉)ရက် နေ့လည်(၁)နာရီခန့်က မြောက်ကိုရီးယား သည်
တောင်ကိုရီးယားရှိ သံတမန်များအား ဘေးကင်း ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်
သတိပေးလိုက်ကြောင်း သတင်းရရှိ သည်။ သို့သော် တောင်ကိုရီးယားတို့ဘက်က
တုန်လှုပ်ပုံမပြကြဟုဆိုသည်။ မြောက်ကိုရိးယားသည်
ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိကန်စစ်စခန်းများအား တိုက်မည်ဟု
ခြိမ်းခြောက်မှုများရှိနေသဖြင့် ဂျပန်နိုင်ငံကလည်း တိုကျို
မြို့တော်အတွင်းရှိ သန်း၃၀ သောပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်
လုံခြုံရေးကို ကာကွယ်ရန်အတွက်တိုကျိုမြိ့အတွင်း အမေရိကန်ပြည်ထောင်စုလုပ်
ပက်ထရီယော့ ဒုံးခွင်းဒုံးချေမှုန်းရေးဒုံးကျည်တပ်စု ( Patriot anti missile
Batteries) ၃စုကို တိုကျိုမြို့အတွင်းရှိ နေရာ ၃ နေရာတွင်
ဖြန့်ခွဲးချထားသည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကပြောကြားသည်။
သို့သော်ဂျပန် နိုင်ငံသားတစ်ဦးတစ်လေမျှ မြောက်ကိုရီးယားက
တိုက်မည်ဟုမထင်ကြောင်းတိုကျိုရှိ ဘီ ဘီစီ သတင်းထောက်တစ်ဦးကဆိုသည်။
မောင်ကျော်
HotNewsWeekly
No comments:
Post a Comment