နိုင်ငံတော်သမ္မတအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Le Yucheng ၊ ဟိုင်နန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Wang Lu ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ယန်ဟိုလန်၊ အာရှဒေသဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ်မစ္စတာ ဝမ်ယင်ဖန်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးတင်ဦး၊ သံရုံးဝန်ထမ်းများနှင့် ဟိုင်နန်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက စန်းယမြို့ အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် စန်းယမြို့ရှိ MGM Grand Hotelသို့ မော်တော်ယာဥြ်ဖင့် ရောက်ရှိသည်။
(နိုင်ငံတော်သမ္မတရုံး)
Popular Myanmar News Journal
No comments:
Post a Comment