ဒီလိုသစ်ခွဲသားများကို ပြည်သူများထံသို့ လွတ်လပ်စွာ ရောင်းချ ပေးမှုဟာ နိုင်ငံတော်မှစီမံချက် ချမှတ် ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုစေဖို့နဲ့ ပြည်သူတို့ရဲ့ စားဝတ်နေရေး လိုအပ်ချက်များ အနက် အဓိက တစ်ခုဖြစ်တဲ့ နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့တို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများ အနေနဲ့လည်း သစ်ခွဲသားများကို လွတ်လပ်စွာဝယ်ယူမှုမှာ ဈေးနှုန်းသက်သာစွာလွယ်ကူစွာဖြင့် ၀ယ်ယူနိုင်ပြီး နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားမ၀င် သစ်ထုတ် ယူ ရောင်း ၀ယ်ခြင်းကိုလည်း ကာကွယ် တားဆီးနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Copy From >> MRTV-4
No comments:
Post a Comment