
နာမည်ကျော် Foxcomm စက်ရုံတွင် ထုတ်လုပ်နေပြီဖြစ်သော ယင်းမျက်မှန် အမျိုးအစားများကို ကံထူးသူ အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုသာ ရွေးချယ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် မျက်မှန်ကို ရရှိရန် ဒေါ်လာ ၁၅၀၀ ပေးရမည်ဖြစ်သည်။ Google အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည့် လက်ပတ်နာရီကို ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထွက်ပေါ်လာခဲ့သည်။ ယင်းအချက်များကြောင့် ၂၀၁၄ ခုနှစ်အတွင်း Google ၏ နည်းပညာ ထုတ်ကုန်ပစ္စည်း ဖန်တီးမှုဆိုင်ရာ ပစ်မှတ်မှာ ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များသာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေသည်။ Google Glass ဝယ်ယူရန် ရွေးချယ်ခံရသူများ အနေဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို စသည့်မြို့များသို့လည်း လည်ပတ်ခွင့်ရရန် စီစဉ်ပေး သွားမည် ဖြစ်သည်။
zz
goldmyanmar
No comments:
Post a Comment