www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင် ခဲ့ခြင်းဖြစ်သော်လည်း မြန်မာ ဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။
From....7 Day News Journal
No comments:
Post a Comment