နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော်
၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊
သုံးဘီးဆိုင်ကယ်များဟာ ကုန်း ဆင်း ဖြစ်သော် လည်း (ဂီယာဖရီးထားထားတဲ့
ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့
ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ
လာရောက် စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။ နေပြည်တော်-တပ်ကုန်း
အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက
ဆင်ခြေလျှော ကုန်းဆင်းမှာ အံ့သြဘွယ်ဆွဲငင်အားရှိနေကြောင်း ကို မေလ ၂၄
ရက်နေ့ထုတ် ကြေးမုံ သတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။
(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)

No comments:
Post a Comment