ရန်ကုန်တိုင်းဒေသကြီးအတွင်းတိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့ကြား၊ရန်ကုန်-ပြည်လမ်းမကြီးဘေးရှိ တိုက်ကြီးမြို့ နယ်၊ဥတိုရွာတွင် မေလ(၇)ရက်နေ့၊ညနေ(၆)နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရ
ပါတယ်။အဲဒီလေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အမိုးများလန်ခြင်း၊လူနေအိမ် တချို့သစ်ပင်ပိခြင်း ၊ဓာတ်တိုင် တချို့ လဲပြိုခြင်း၊ဓာတ်ကြိုးများပျက်စီးခြင်း၊လမ်းဘေးသစ်ပင်တချို့ပြိုလဲခြင်းနှင့် သစ်ကိုင်းကျိုးကျခြင်း တို့ဖြစ်ပွား ခဲ့ပြီး၎င်းဖြစ်ရပ်များကြောင့် တိုက်ကြီးမြို့နယ်၊ဥတိုရွာတွင် ကားလမ်းများမိနစ် (၃၀)ခန့် ပိတ်ဆို့ သွား ခဲ့သည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများကိုည(၁၀)နာရီခန့်အထိ ဒေသခံရွာသူ ရွာသားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကဝိုင်းဝန်းရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြပြီးဆုံးရှုံးမှုတန်ဖိုးကိုသိရှိနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
SkyNet TV Browser
No comments:
Post a Comment