အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး
စက်ရုံမှ ကနဦး အနေဖြင့်ထုတ်လုပ် ထားသော ၁၅၅ မီလီမီတာ အမြောက်ကျည်
အမျိုးအစားသစ်၏ အသေးစိတ် အချက်အလက် များအား အောက်တို ဘာလ နောက်ဆုံးပတ်တွင်
အမေရိကန် နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော AUSA
(Association of the US Army) ပြပွဲတွင် ထုတ်ဖော် ပြသ ခဲ့ပါသည်။
ထို့နောက် Steel (သို့မဟုတ်) tungsten
သတ္ထုဖြင့် ပေါင်းစပ် ပြုလုပ်ထားသော သီးခြား ကျည်အိမ် သည် ဒေါင်လိုက် အနေအထား
အတိုင်း ဟန်ချက်ထိန်း၍ လေထီးငယ်ဖြင့် မြေပြင်ပေါ်သို့ ဆင်းလာစေ ရန်
ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ ဆင်းသက် လာပြီးနောက် မြေပြင်အထက်
အမြင့်ပေ ၁ဝ မီတာမှ ၂ဝ မီတာ အရောက်တွင် အတွင်း၌ ပါရှိသော စနက်မှ တစ်ဆင့် ၃
ကီလိုဂရမ် အလေးချိန် ရှိသော ယမ်းပြင်းများအား ထပ်ဆင့် ပေါက်ကွဲစေခြင်း
ဖြစ်ပါသည်။ အဆိုပါကျည်ဖြင့် အပေါ့စား ယာဉ်နှင့် သံချပ်ကာ လူသယ်ယာဉ်
များကို ထိရောက်စွာ ပစ်ခတ် တိုက်ခိုက် နိုင်ပါသည်။ M454 ကျည်သည် ပစ်မှတ်
ပေါ်တွင်သာ ကိုယ်တိုင် ပေါက်ကွဲ ပျက်စီးစေသော စနစ်ကို ထည့်သွင်း အသုံးပြု
ထားခြင်းကြောင့် မလိုလားအပ်သော ပျက်စီး ဆုံးရှုံးမှုများကို လျှော့ချ
နိုင်ပေသည်။
M454 ကျည်သည် စက်ဝန်းပုံမှား တန်ချက်
(CEP) ၆ဝ မီတာရှိပြီး ပစ်မှတ်ပေါ်သို့ ကျရောက် စေရန် ကျည်သွားလမ်းကြောင်း
ပြင်ဆင်နိုင်သော အဆင့် မြှင့်တင်ထားသည့် GPS စနစ်သုံး စနက်ကို တပ်ဆင်
အသုံးပြု နိုင်သဖြင့် ပိုမို တိကျမှု ရှိခြင်းပင် ဖြစ်ပါသည်။
အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး
စက်ရုံမှ တီထွင် ထုတ်လုပ်သော S-HE ကျည်သည် ၁၅၅ မီလီမီတာ စံပြုခွင်းကျည် HE
ထက် ၅ ဆပို၍ ထိရောက်မှုရှိပါသည်။ ၄င်း S-HE ကျည်သည် M138 စနက်၊ M762 စနက်
(သို့မဟုတ်) အခြားသော စနက် တစ်မျိုးမျိုးအား တပ်ဆင်ထားခြင်း မရှိပါက
အလေးချိန် ၄၆ ကီလိုဂရမ် ရှိကာ အလျားမှာ ၈ဝ၄ မီလီမီတာ ရှိပါသည်။
စွမ်းအားကုန် အကွာအဝေးတွင် ၁၅၅
မီလီမီတာ/၄၅ ကယ်လီဗာ ပြောင်းအချင်းရှိ အမြောက်ဖြင့် ပစ်ခတ်ပါက ၂၆ ကီလိုမီတာ
အထိ တိုးမြှင့် ပစ်ခတ်နိုင်ပြီး ၁၅၅ မီလီမီတာ/၅၂ ကယ်လီဗာ ပြောင်း အချင်းရှိ
အမြောက်ဖြင့် ပစ်ခတ်ပါက ၂၈ ကီလိုမီတာ အထိ ပစ်ခတ် နိုင်ပါသည်။ ပစ်မှတ်
တစ်ခုအား ပစ်ခတ် တိုက်ခိုက်ရာတွင် အခြားသော ကျည်များ နည်းတူ သမားရိုးကျ
အတိုင်း ကျည်ထိပ်ဖူးတွင် စနက် တပ်ဆင်၍ ကျည်ထိုးကာ ပစ်ခတ်မည့် အကွာအဝေးနှင့်
ကိုက်ညီသည့် ယမ်းထုပ်ကို ထည့်၍ ပစ်ခတ် နိုင်ပါသည်။
အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး
စက်ရုံသည် သမားရိုးကျ အမြောက်နှင့် စိန်ပြောင်းကျည် များကို တွင်ကျယ်စွာ
ထုတ်လုပ် ခဲ့ကြပြီး ယခုအချိန်တွင် မလိုလားအပ်သော ထိခိုက် ပျက်စီး
ဆုံးရှုံးမှု များကို လျှော့ချရန်နှင့် ကျည်ကုန်ကျမှု သက်သာပြီး
ထိရောက်မှုနှင့် တိကျမှုတွင် ပိုမို ကောင်းမွန်သည့် ပဲ့ထိန်း စနစ်ပါ ကျည်များ
ထုတ်လုပ်ရေးကို ဦးတည် ကြိုးပမ်းလျက် ရှိနေပေသည်။
From...မြ၀တီ
No comments:
Post a Comment