မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသည့် လျှပ်စစ်အခက်အခဲများကို
ဖြေရှင်းနိုင်ရန်အတွက် အကြီးကျယ်ဆုံးသောမြန်မာ့လျှပ်စစ် ထိပ်သီးဆွေးနွေး ပွဲ(Myanmar Power and El-ectricity Summit 2013)ဆွေးနွေးပွဲကို လာမည့်ဇွန် ၁၁ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း
သိရသည်။အဆိုပါဆွေးနွေးပွဲကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်နိုင်ငံ
တကာလျှပ်စစ်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ ယင်းဆွေးနွေးပွဲကို
တက်ရောက်ရန် ရှိသည့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ဦးအောင်နိုင်ဦးက ''ဆွေးနွေးပွဲကို တော့
ရန်ကုန်မှာပဲ ကျင်းပမယ် လို့သိထားပါတယ်။ လျှပ်စစ်ကဏ္ဍဍ မှာနိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှု တွေကို ဆွေးနွေး ဖို့ရှိပါတယ်''ဟု ပြောသည်။
ယင်းဆွေးနွေးပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာလျှပ်စစ်ထုတ်လုပ်သည့်
ကုမ္ပဏီကြီးများ၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ နိုင်ငံတကာလျှပ်စစ်သွယ်တန်း၊
ထုတ်လုပ်ဖြန့်ချိသည့် ကုမ္ပဏီများ၊ ကျောက်မီးသွေးမှတစ်
ဆင့်လျှပ်စစ်ထုတ်လုပ်သည့် နိုင်ငံတကာကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများ
တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းလျှ ပ်စစ်ဆွေးနွေးပွဲကို
တက်ရောက်မည့် မြန်မာ့ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်အသင်းမှ အတွင်းရေးမှူး
ဦးအောင်မြင့်က''အဲ ဒီဆွေးနွေး ပွဲကို တက်ရောက်ဖို့ တော့ဖိတ်ထားတယ်။
ဆွေးနွေးပွဲ မှာ ကျေးလက်ဒေသ မီးလင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ နိုင်ငံတကာအဆင့်ဆွေးနွေးပွဲ များ
ကျင်းပခြင်း ဖြင့် ကြီးမားသည့် အခွင့်အရေးများ ရရှိနိုင်ပြီး မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေဖြစ်နိုင်မည့် နည်းပညာများကို ရယူသင့်ကြောင်း
ယင်းကဆက် လက်ပြောသည်။ လက်ရှိမြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက် ပမာဏမှာ
၂၀၁၃ ခုနှစ်တွင် ၂၀၆ဝ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်တွင် ၂၃ရဝမဂ္ဂါဝပ်နှင့် ၂၀၁၅
ခုနှစ်တွင် ၂၇၂၅ မဂ္ဂါဝပ် လိုအပ် မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
ယင်းဆွေးနွေးပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာလျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ နိုင်ငံတကာလျှပ်စစ်သွယ်တန်း၊ ထုတ်လုပ်ဖြန့်ချိသည့် ကုမ္ပဏီများ၊ ကျောက်မီးသွေးမှတစ် ဆင့်လျှပ်စစ်ထုတ်လုပ်သည့် နိုင်ငံတကာကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းလျှ ပ်စစ်ဆွေးနွေးပွဲကို တက်ရောက်မည့် မြန်မာ့ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်အသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က''အဲ ဒီဆွေးနွေး ပွဲကို တက်ရောက်ဖို့ တော့ဖိတ်ထားတယ်။ ဆွေးနွေးပွဲ မှာ ကျေးလက်ဒေသ မီးလင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ နိုင်ငံတကာအဆင့်ဆွေးနွေးပွဲ များ ကျင်းပခြင်း ဖြင့် ကြီးမားသည့် အခွင့်အရေးများ ရရှိနိုင်ပြီး မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေဖြစ်နိုင်မည့် နည်းပညာများကို ရယူသင့်ကြောင်း ယင်းကဆက် လက်ပြောသည်။ လက်ရှိမြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၁၃ ခုနှစ်တွင် ၂၀၆ဝ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်တွင် ၂၃ရဝမဂ္ဂါဝပ်နှင့် ၂၀၁၅ ခုနှစ်တွင် ၂၇၂၅ မဂ္ဂါဝပ် လိုအပ် မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
No comments:
Post a Comment