မေလ
၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး
လုံခြုံရေးကို ပိုမို တင်းကြပ် စွာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။
လားရှိုးမြို့မဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီ ပိတ် ထားခဲ့သည်။
သို့ရာတွင် နံနက် ၈ နာရီ အချိန်ခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်ဆလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်စီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင် ခဲ့သော လူ ၁၅ ဦးခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

From...Eleven
No comments:
Post a Comment