ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ
သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ
မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ
ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ
သိရသည်။“ပထမ လေးလ အတွင်းမှာတင်
မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ
အဓမ္မ ပြု ကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆
မှုပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက
မဇ္ဈိမကို ပြောသည်။မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်များမှာ လှိုင်သာယာတွင် ၈ မှု၊ တိုက်ကြီးတွင် ၃ မှု၊ ထောက်ကြန့်၊
မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် ၂ မှုစီဖြင့် အများဆုံး ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်း များအရ သိရသည်။ အဓမ္မပြုကျင့်ရာတွင် မသိနားမလည်သော ကလေးသူငယ်များအား အစားအစာ၊ အဝတ်၊ ဖိနပ် စသည်တို့ ဝယ်ပေးမည်ဟု ပြောဆိုဖျားယောင်းပြီး ပြစ်မှုကျူးလွန်ကြခြင်းများ ပါဝင်ကြောင်း သိရသည်။
အရွယ်မရောက်သေးသူ ကလေးငယ်များအား အဓမ္မပြုကျင့်မှုများတွင် ဖခင်အရင်းက ကျူးလွန်မှု ၁ မှု၊ ပထွေးက ပြုကျင့်မှု ၁ မှု၊ အစ်ကိုဝမ်းကွဲက ၁ မှု၊ ဦးလေးက ၁ မှုနှင့် အရပ်သား အခြားသူများက အဓမ္မပြု ကျင့်မှု ၂၂ မှုထိ ပါဝင်ခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းရဲတပ်ဖွဲ့အ
ထို့ပြင် ကလေးသူငယ်များအား အတုမြင်အတက်သင်စေသည့် ညစ်ညမ်းဗီဒီယိုကားများ၊ ဒီဗီဒီကားများ ကြည့်ရှုခြင်းများအား တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းအတွင်းတွင်
၂၀၁၂ ခုနှစ်အတွင်းကမူ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုကြီးပေါင်း ၃၆၅ မှုတွင် လူသတ်မှု ၁၆၄ မှု၊ ဓားပြမှု ၂ မှု၊ လုယက်မှု ၃၀ မှု၊ အဓမ္မပြုကျင့်မှု ၁၃၅ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှု ၄ မှု နှင့် မတရားအသင်း ဖွဲ့စည်းမှု ၃ မှုအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
Mizzima
No comments:
Post a Comment