အစာမစားမီ
သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀
ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ
ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ
စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)
အစာစားပြီး သောက်သင့်သော
ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။(အကြောင်းပြချက်-တချို့ဆေးတွေက် အစာမရှိဘဲစားလိုက်ရင် အစာအိမ်ကိုမအီမသာဖြစ်စေနိုင် ပါတယ်။ အစာရှိမှ ဝေဒနာသက်သာသွားနိုင်လို့ပါ။) ဆေးပတ် လည်အောင်
သောက်ပါ ဆေးအားလုံး ကို ဝေဒနာ သက်သာတဲ့အထိ သတ်မှတ် ကာလ ပြည့်မီအောင်
သောက်သင့် ပါတယ်။ (အကြောင်းပြချက်-သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့
ပိုးမွှားတွေ သေစေဖို့ရာအတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ
ကျန်နေရင် ပိုမို အာနိသင်ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ
နောက်တစ်ကြိမ် နာမကျန်းဖြစ်နိုင်ခြေ ရှိပါတယ်။)
အားဆေး မှီဝဲမည်ဆိုလျှင်
နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲသင့်ပါတယ်။ အစာမရှိဘဲ
အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်-ဆီးကနေ ဗီတာမင် ဘီနဲ့ စီ
မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား
ပါလိမ့်မယ်)။
No comments:
Post a Comment