ဖိလစ်ပိုင် နိုင်ငံတွင် မီးတောင်တစ်ခုမှ ကျောက်တုံးများ မှုတ်ထုတ်လိုက်ရာ
တောင်တက်သူ (၅)ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်၏
လှုပ်ရှားနိုးကြွမှု အရှိဆုံး မီးတောင်များအနက် တစ် ခုဖြစ်သော မေယွန် မီးတောင်သည် အင်္ဂါနေ့က လှုပ်ရှားမြည်ဟည်းကာ ကြီးမားသော ကျောက် စိုင် ကျောက်တုံးများကို မှုတ်ထုတ်ခဲ့သည်။
ထို့ကြောင့် တောင်တက်သမား (၅)ဦးမျှ အနည်းဆုံး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ မီးတောင်ဝ အနီးတွင် ပြန်မဆင်းနိုင်ဘဲ ပိတ်မိနေသည်ဟု သက်ဆိုင်ရာက ပြောကြားခဲ့သည်။ မေယွန်သည် (၃)နှစ် အတွင်း ယခုတစ်ကြိမ် အပြင်းထန်ဆုံး လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ဖိလစ်ပိုင် အစိုးရသည် ကယ်ဆယ်ရေး အဖွဲ့များနှင့် ရဟတ်ယာဉ်များကို မေယွန် မီးတောင်ထံ စေလွှတ်ထားသည်။

No comments:
Post a Comment