မောင်တောမြို့တွင် ယခုအချိန်၌ လေငြိမ်နေပြီး မိုးစဲသွားပြီဖြစ်ကာ မိုးလည်း
အနည်းငယ်အုံ့နေကြောင်း၊ ဒီရေ သုံးပေ၀န်းကျင် တက်လာကြောင်း Eleven Media
Group ၏ သတင်းထောက်က သတင်းပေးပို့သည်။
မေလ ၁၆ ရက်နေ့
မွန်းလွဲပိုင်း မိုး/ဇလ၏ သတင်းထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း၏
အရှိန်ကြောင့် မောင်တောမြို့နယ် ကမ်းခြေတွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၀
ပေအထိ ရှိနိုင်ကြောင်း သိရသည်။ မွန်းလွဲ ၁၂ နာရီဝန်းကျင်က မောင်တောမြို့၏ အရှေ့တောင်ဘက်မှ လေတိုက်နှုန်းမှာ တစ်နာရီလျင် ၂၅ မိုင်ဖြစ်သည်။
From....Eleven
No comments:
Post a Comment