၎င်းက မဟာစင် ဆိုက်ကလုန်းမုန်တိုင်းနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားမှုဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို အခုလွှတ်တော်ကို
ပို့လိုက်ပြီ။အဲ့ဒီထဲမှာ စီမံထားရှိ ထားသော အဆောက်အဦးတွေ နေရာတွေ ဆီကို
လူသားတွေ အန္တရာယ်မကျရောက်စေဖို့ အစိုးရ က ရွှေ့ပြောင်းမှုစီမံတဲ့အခါ
မလိုက်နာရင် ချမှတ်ရမယ့် ပြစ်ဒဏ်တွေ ပါထားပြီးသား ဒါလည်း
လူသားချင်း စာနာတဲ့အတွက် ကြောင့် ပဲဟု " ၀န်ကြီးက ပြောသည်။
မဟာစင်မုန်တိုင်း ၀င်ရောက်တိုက်ခိုက်ရန် ရက်အနည်းငယ်သာ လိုတော့သည့်
အချိန်တွင် အန္တရာယ် ရှိနေသည့် စစ်တွေနှင့် မောင်းတော ကမ်းခြေနေရာတို့မှ
အချို့သော ဘင်္ဂလီတို့မှာ အစိုးရ ၏ ပြောင်းရွေ့ပေးမှုအပေါ်မှာ
ငြင်းဆန်မှုအချို့ရှိနေကြောင်း သိရသည်။
ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က
"အခုရင်ဆိုင်နေရတာက အန္တရာယ်မရှိဘူးထင်ပြီး ပြောင်းရွှေ့ပေး တဲ့နေရာတွေကို
မလာချင်ဘူး တစ်ချို့က လည်း နေရာမရဘူးထင်ပြီး မရွှေ့ချင်ဘူး ။ ဒါတွေများနေတယ်
"ဟု ပြောသည်။
မင်းသုအောင်
From....Popular Myanmar News Journal
No comments:
Post a Comment