ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia
သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်သည်လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of
Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏
အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့်
US Chamber of Commerce တို့၌ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း
အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင်
မြန်မာနိုင်ငံသည် ဘင်ဂါလီ မူဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများ
ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏
လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူးခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သ ည့်
သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာ ပြီးနောက် နိုင်ငံရေး
အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ ခြင်းနှင့်
အတိုက် အခံဒေါ်အောင်ဆန်း စုကြည် ကို လွှတ်တော်တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်း လဲမှုအများ အပြား ဆောင် ရွက်ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။
အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချ က်များကို အားပေးမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ် သိမ်းပေးခဲ့သည်။
Ref: Channel NewsAsia
ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်သည်လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်
သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သ
အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချ
Ref: Channel NewsAsia
No comments:
Post a Comment