မုန်တိုင်းသန္ဒေအား မြန်မာစံတော်ချိန် ၁၀း၁၄ မိနစ်တွင် Navy Satelite မှ မြင်တွေ့ရပုံလေဖိအားနည်းဆဲလ် 94B အားကောင်းလာပြီး တောင်ဘက်သို့ ပြန်လည် ရွေ့လျားနေ မေလ(၂၈) ရက် မြန်မာ စံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRLdata များအရ လေဇိအားနည်းဆဲလ် 94B သည် ဗဟိုဖိအား 1004hPa သို့ ကျဆင်းကာ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေအား ကျော် ဝင်ရန် တာစူနေရာမှ တောင်ဘက်တည့်တည့်သို့ ပြန်လည်ချိုးကွေ့လာကြောင်း အံ့အား သင့်ဘွယ် တွေ့ ရ ပါသည်။
တောင်ဘက်သို့ ချိုးကွေ့ပြီးနောက် ရွေ့လျားမှုနှုန်း တစ်နာရီ ၁၄ မိုင်နှုန်းခန့်ရှိနေပါ သည်။ လေဖိ အားနည်း ဆဲလ်၏ ဗဟိုတွင်လေတိုက်နှုန်း မှာလည်း ၂၅ နော်တီကယ်မိုင်(တစ်နာရီ ၂၈ မိုင်နှုန်းခန့်) အထိ ရှိလာပါသည်။
နောက်ဆုံးရရှိသည့် အချက်အလက်များအရ 94B သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုပြီး ဆက်လက်ရွေ့လျားမည့် အခြေအနေနှင့် အင်အား အခြေအနေတို့ကို စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် 94B
28 May 2013 1200Z
Location: 20.3 89.6
Winds: 25 knots
Central Pressure: 1004 hPa
JTWC မှ ထုတ်ပြန်ချက်အရ INVEST 94B သည် ပိုမို၍ အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် LOW ဖြစ်ကြောင်း ထုတ်ပြန်ထားပြီ ဖြစ်ပါသည်၊
ထုတ်ပြန်ချက်တွင်မုန်တိုင်း ဖြစ်လာနိုင်ခြေရှိနေသော်လည်း ကွန်ပျူတာ မော်ဒယ် ခန့်မှန်းတွက်ချက်မှု များ အရ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ့်ကမ်းခြေကို ဝင်ရောက်သည့်အခါ အင်အားပျော့ သွားနိုင်ကြောင်း ရှင်းလင်းထားပါသည်။
Posted From mmweather Page
No comments:
Post a Comment