ယခုလက်ရှိချပေးလျက်ရှိသော ကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်များကို ဦးစွာရောင်း ချ ပေးရခြင်းသည် ယခုအချိန်၌လိုင်းအချောင်ဆုံးဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း ၊နောက်တစ်လကို CDMA 800 MHz များကိုသာဆက်လက် ရောင်းချပေးထားမည်ဖြစ်ကြောင်း၊ အကယ်၍ လိုင်းကျပ် သွားလျှင် နောက်ထပ်လိုင်းများချန်ထားတာအဆင့်သင့်ရှိကြောင်းသိရသည်။
ထို့ကြောင့် CDMA 800 MHz ချထားပေး၍ နှစ်လပြီးသွားလျှင် WCDMA,GSM, CDMA 800 များကိုသာ တစ်ပြိုင်တည်းရောင်းချပေးမည်ဖြစ်ကြောင်း၊ဒုတိယအသုတ်ကျပ်၁၅၀၀တန် CDMA 800 MHz ဆင်းကတ် များကို မေလ(၂၀) ရက်နေ့တွင်ချထားပေးမည်ဖြစ်ကြောင်းသိရသည်။
Skynet News

No comments:
Post a Comment