မေလ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် NRL data များအရ
ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းဆဲလ် 94B စတင်ဖြစ်ပေါ်ကြောင်း
တွေ့ရှိရပြီဖြစ်ပါသည်။
GFS SW Asia ကွန်ပျူတာမော်ဒယ်၏ ကြိုတင်ခန့်မှန်းချက်အရ
လေဖိအားနည်းဆဲလ်သည် အနောက် ဘက်သို့ စတင်ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ
လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ် အဖြစ်သို့
ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်
အားကောင်းသောမုန်တိုင်းအဆင့်သို့ မေလ ၂၈ ရက်နေ့တွင် ရောက်ရှိပြီး
အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်
နယ်စပ်မှတစ်ဆင့် ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း
ကြိုတင် ပုံဖေါ်ခန့်မှန်း ထားပါသည်။
94B ၏ လာမည့် ရက်များအတွင်း အမှန်တကယ်ရွေ့လျားမှု အခြေအနေကို ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။
No comments:
Post a Comment