ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များ ပါဝင်လာသည်။ မြန်မာ့ထိပ်တန်းစီးပွားရေး ဟိုတယ် (Myanmar's Leading Bussiness Hotel 2013) ဆုဆန်ခါတင်စာရင်းတွင် ချက်ထရီယမ်ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)နှင့် ကုန်သည်ကြီးများဟိုတယ်တို့ပါဝင်သည်။
မြန်မာထိပ်တန်းဟိုတယ်ဆု ဆန်ခါတင်စာရင်း (Myanmar's Leading Hotel 2013) တွင် ချက်ထရီယမ်ဟိုတယ်၊ မန္တလေးရှိ The Red Canal Mandalay ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ Mandalay Hill Resort ၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)၊ The Governor's Residence, The Strand Hotel တို့ပါဝင်သည်။
မြန်မာထိပ်တန်းအပန်းဖြေ ဟိုတယ်ဆု (Myanmar's Leading Resort 2013) ဆန်ခါတင်စာရင်းတွင် မန္တလေးမှ The Red Canal ၊ အင်းလျားလိတ်ဟိုတယ်၊ Mandalay Hill Resort ၊ ငွေဆောင်ရှိ MyanmarTreasure Beach Resort ၊ ဆီဒိုးနားဟိုတယ်(မန္တလေး)နှင့် The Strand Hotel တို့ပါဝင်သည်။
အဆိုပါ ဆန်ခါတင်စာရင်းများကို ကမ္ဘာ့ခရီးသွားဆုရွေးချယ်ရေးအဖွဲ့က www.worldtravel-awards. com/nominess/2013/Myanmarwebsite တွင် တရားဝင်ဖော်ပြထားသည်။ ကမ္ဘာ့ခရီးသွား ဆု ရွေး ချယ်ခြင်းမှာ နှစ်ဆယ်ကြိမ်မြောက်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများက မဲပေးရွေး ချယ်၍ နှစ် စဉ်ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
No comments:
Post a Comment