မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ်ခံရပြီးနောက် မလေးရှားအစိုးရက
မြန်မာနိုင်ငံ သား ထောင်ပေါင်း များစွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့
မည်ဟု ပြောသည်။
ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှားဒုတိယပြည်ထဲရေးဝန်ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက်ကို ကိုးကားဖော်ပြရာ၌ မြန်မာများအချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုကို မလေးရှားသို့ ယူဆောင် လာ ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ဒုဝန်ကြီးကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီး ကြပ်ရေး ထိန်းသိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာ အာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။
ထို့ပြင် သူက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကို သူတို့ကိုယ်သူတို့ ဒုက္ခသည် များဟု ပြောဆို ပြီး မြန်မာပြည် ကို လုံခြုံမှုမရှိ၍မပြန်လိုကြောင်း
မလေးရှား အာဏာပိုင်များ က မလေးရှားများက ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံ သားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အရေးကိစ္စအပေါ် ပြန်လည် လက်စား ချေ လိုသော ကြောင့် ဖြစ်သည်ဟုပြောသည်။ သို့သော် မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကမူ ထိုဖြစ်ရပ်သည် ဘာသာရေး ကိစ္စ ကြောင့် မဟုတ် ဘဲ ဂိုဏ်းဖွဲ့တိုက်ခိုက်ခြင်းမျိုး
ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအရေး ဆောင်ရွက် သူ ဦးရဲနိုင်ဝင်းက ''ပြည်ပက မြန်မာလုပ်သားတွေ ကို ပြန်လက် ခံရုံနဲ့မပြီးဘူး။ အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ပြည်ပ လုပ်သား တွေအတွက် လုပ်သင့် တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ကမရှိဘူး။ သူတို့ ဟိုမှာရတဲ့လစာနဲ့ ဒီမှာရ တဲ့ လုပ်အားခက ကွာခြားမယ်။ အဲဒါကြောင့် ပြန်လာ ပြီးလဲ ပြန် ထွက်သွားကြမှာပဲ။ အဲဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အ လုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ရေရှည် မူဝါဒ ချပြီးလုပ်ရမယ်''ဟု ပြောသည်။
ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''နိုင်ငံခြားကို အလုပ်သမား သွားလုပ်တယ်ဆို တာ ပြည်တွင်းမှာ မလုပ်ချင်လို့ ထွက် သွားကြတာ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက လဲမရှိဘူး။ သူများနိုင်ငံမှာတော့ ဘယ်သူမှ အောက်ကျခံပြီးမလုပ် ချင်ကြဘူး ။ အခုလိုဖြစ် တော့ လဲ ကိုယ့် မြန်မာနိုင်ငံသား တွေဖြစ် တဲ့အတွက် ပြန်ခေါ်ရမယ်။ အ လုပ်အကိုင်တွေကို ပြည်တွင်းမှာ ဖန်တီးပေးရမယ်''ဟု သုံးသပ်ပြော သည်။
ညီလတ်
YMG
No comments:
Post a Comment